================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ယင်းဆယ်အုပ်စု၊ ယင်းဆယ်ကျေးရွာ၌ (၁၅-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲပျက်စီးခဲ့သည့် (ဝါးအိမ်) အိမ်ခြေ(၁)လုံး၊ ၎င်းအိမ်ထောင်စု (၁)စုရှိ လူဦးရေ (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၂၆၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၁၂၆၀၀) ကျပ်ကို (၁၇-၈ -၂၀၁၈) ရက်နေ့တွင် လေးမျက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။