Category Archives: News
-
ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ လာရောက်လှူဒါန်းမှုသတင်း
=================================================== Source: ရန်ကုန်တိုင်းဒေသကြီးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ (၉-၈-၂၀၁၈) ရက်နေ့တွင် ရေဘေးသင့်ပြည်သူများအတွက် ဒေါ်အေးမြင့်မိသားစုမှ အလှူငွေ (၃,၀၀,၀၀၀ိ/-)၊ ဦးကျော်ကျော်သိန်း+ဒေါ်လှိုင်မမ မိသားစုမှ အလှူငွေ (၅,၀၀,၀၀၀ိ/-)၊ ဦးစိန်မောင်+ဒေါ်ဒွဲနန်မိသားစုမှ အလှူငွေ (၁,၀၀,၀၀၀ိ/-) နှင့် Master of Public Health 11th Batch ကျောင်းသား၊ ကျောင်းသူများမှ အလှူငွေ (၂,၉၀,၀၀၀ိ/-) တို့အား လာရောက်လှူဒါန်းကြရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် … Read more
-
သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကလောမြို့၊ အ.လ.က (၁) ၌ (၉-၈-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်း တွင် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမနှင့် ကျောင်းသား/သူပေါင်း (၅၀၀) ခန့်တက်ရောက်ခဲ့၍ တက်ရောက်လာသူများအား ငလျင်ဘေးအပါအဝင် အခြားသော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲပြီး အသိပညာပေး ဗွီဒီယိုပြသခြင်း တို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_aug2018
-
မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရန်အကြိုညှိနှိုင်းအစည်းအဝေးပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် သြဂုတ်လ(၉)ရက်နေ့တွင် ဖျာပုံမြိုနယ်၊ အမာမြို့၊ ဒေါ်ငြိမ်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးခန်းတွင် သြဂုတ်လ (၁၁) ရက်နေ့တွင်ကျင်းပပြုလုပ်မည့် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရန် အကြိုညှိနှိုင်းအစည်းအဝေးအား ဒေါ်ငြိမ်းကျေးရွာအုပ်စုအတွင်းရှိ ကျန်းမာရေးမှူး၊ မီးသတ်တပ်ဖွဲ့မှူး၊ အုပ်ချုပ်ရေးမှူး၊ တာဝန်ခံများ၊ ရာအိမ်မှူးဆယ်အိမ်မှူးများနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #simex_str #ayy_aug2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဟင်္သာတမြို့နယ်၊ ခြင်ဘို့ကျေးရွာအုပ်စု၊ သဲရိုးကျေးရွာ၊ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသောအိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ခြင်ဘို့ကျေးရွာအုပ်စု၊ သဲရိုးကျေးရွာ၌ (၃-၈-၂၀၁၈)နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ/အိမ်ထောင်စု (၁၂) စု၊ လူဦးရေ (၄၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၉၄,၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၂၉၄,၅၀၀/-) ကျပ်တို့အား ( ၉-၈ -၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားသည့်နေရာသို့ ကွင်းဆင်းကာ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Daniel Patrick Chugg ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံမှုသတင်း
==================================================== နေပြည်တော်၊ သြဂုတ် ၉ ———— လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Daniel Patrick Chugg ဦးဆောင်သောအဖွဲ့တို့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာ ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာန၏ တာဝန်နှင့်ဆောင်ရွက်ချက်များဖြစ်သည့် မွေးကင်းစမှ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးလုပ်ငန်းများ၊ လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများ ရေးဆွဲဖော်ထုတ်မှုများ၊ ပြန်လည် … Read more
-
သဘာဝဘေးဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၈.၂၀၁၈)ရက်နေ့တွင် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ အ.ထ.က(ဘောလခဲ)ကျောင်း၊ ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးအားလည်းကောင်း၊ (၇.၈.၂၀၁၈)ရက်နေ့တွင် ဘောလခဲမြို့နယ်၊ အ.ထ.က(ရွာသစ်)ကျောင်း၊ ကျောင်းသား/ကျောင်းသူ(၂၀၀) ဦးအားလည်းကောင်း သဘာဝဘေးဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_aug2018 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၉.၈.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းအား ကလောမြို့ အထက(၁)၌ ကျင်းပပြုလုပ်ရာ ငလျင်ဘေးနှင့်ပတ်သက်သည့် ဗီနိုင်းပိုစတာများခင်းကျင်းပြသခြင်း၊ ငလျင်ဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်း၊ ကျောင်းသား/ သူများအား ငလျင်ဆိုင်ရာဗဟုသုတ မေးခွန်းများမေးမြန်းပြီး လက်ဆောင်ပစ္စည်းများပေးခြင်း၊ ငလျင်ဇာတ်တိုက် လေ့ကျင့်ခန်းဗွီဒီယိုဖိုင်ပြသခြင်းနှင့် ငလျင်လှုပ်ခတ်နေစဉ် ကွင်းပြင်သို့ ပြေးထွက်နေရာယူခြင်းနှင့် စာသင်ခန်းအတွင်း နေရာယူခြင်းအစရှိသည့် ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၇၀၀)ဦးခန့် ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ar_simex_eqk #shn_aug2018 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး … Read more
-
ဝေါမြို့နယ်၊ ကမာကဘန်ကျေးရွာနှင့် ဝင်းကဒတ်ကျေးရွာလေဘေးနှင့် ဆင်ရွာကျေးရွာ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝေါမြို့နယ်၊ ကမာကဘန်ကျေးရွာ၌ (၂၆-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးနှင့် ဝင်းကဒတ်ကျေးရွာ၌ (၄-၈-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၁၅) လုံး၊ အမိုးလန်နေအိမ် (၃) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၅၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၉,၂၀၀/-) ကျပ်နှင့် ဆင်ရွာကျေးရွာ၌ (၃၀-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့်ဘုန်းတော်ကြီးကျောင်း … Read more
-
ငလျင်ဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၁၈) ရက်နေ့ (၁၄းဝဝ)အချိန်မှ (၁၆းဝ၀) နာရီအချိန်ထိ ကျိုင်းတုံမြို့နယ်၊ အ.ထ.က (၅) တွင် ငလျင်ဘေး ဇာတ်တိုက်လေ့ကျင့်ခန်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်အဆိုပါ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းအတွက် (၃-၈-၂၀၁၈) ရက်နေ့တွင် ငလျင်ဘေးနှင့်ပတ်သက်၍ တက်ရောက်သူ (၃၅၀) ဦးအား အသိပညာပေးခြင်း၊ ဘေးအန္တရာယ်ပြမြေပုံရေးဆွဲခြင်းများ အကြိုပြုလုပ်ခဲ့ပါသည်။ (၆-၈-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ကိုပြုလုပ်ခဲ့ပြီး ကော်မတီလုပ်ငန်းတာဝန်များအတိုင်း ဆောင်ရွက်ရန် ညှိနှိုင်းခဲ့ကြပါသည်။ (၈-၈-၂၀၁၈) ရက်နေ့ တွင် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ် … Read more
-
သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖရူဆိုမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ထီးကလူဒေါကျေးရွာ၌ (၂-၈-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ပြည်သူ (၇၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါ သည်။ #ar #kyh_aug2018 Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)









