
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် နွေရာသီရောက်တိုင်းသောက်သုံးရေရှားပါးမှုကိုကြုံ့တွေ့နေရသော သထုံမြို့နယ်၊ နန်းတောင်းကျေးရွာ တွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေစင်ဆောက်လုပ်ခြင်းအတွက် ငွေကျပ် (၇၈)သိန်းနှင့်ဝင်းပကျေးရွာစက်ရေတွင်းတူးဖော်ခြင်းနှင့် ရေစင်ဆောက်လုပ်ခြင်းအတွက် ငွေကျပ်(၇၈)သိန်း၊ စုစုပေါင်း (၁၅၆)သိန်းအား ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်၊ သထုံမြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဝင်းနှင့်အတူ (၂၀.၈.၂၀၁၈)ရက်နေ့တွင် ကျေးရွာလုပ်ငန်းကော်မတီထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#mon_aug2018
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)