================================================
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တန်းမြို့နယ်၊ ကုလားတန်းကျေးရွာအုပ်စု၊ သံတဲကျေးရွာ၌ (၁၅-၈-၂၀၁၈) ရက်နေ့တွင် မုတ္တမပင်လယ်ကွေ့ ပင်လယ်ဒီရေမြင့်တက်လာမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၃) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀၀ိ/-)၊ အိမ်ထောင်စု (၁၀) စုမှ ဘေးသင့်လူဦးရေ (၃၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး (၈၁၉၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၁၀)အိမ်ထောင်စုစာအား (၂၀-၈-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။