================================================
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ လက်ပံတုန်းကျေးရွာအုပ်စု၊ ကျေးလူးကျေးရွာ၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၇)လုံးအတွက် တန်ဖိုးသင့်နှုန်းထားဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၅၁၀၀၀၀ိ/-)နှင့် စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာ၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၈၁၀၀၀၀ိ/-)အား (၁၇-၈-၂၀၁၈) ရက်နေ့တွင် သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။