မအူပင်မြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

20 Pic 01

20 Pic 02

================================================
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ တော်တလုပ်အုပ်စု၊ သုံးခွဆိုင်ကျေးရွာ၌ (၆-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၇) လုံး၊ အိမ်ထောင်စု (၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးစီ၊ လူဦးရေ (၃၂) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၆၇၂၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၇၀၀၀၀၀ိ/-) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၇၆၇၂၀၀ိ/-)(ကျပ်ခုနှစ်သိန်းခြောက်သောင်းခုနှစ်ထောင့်နှစ်ရာတိတိ) ကိုလည်းကောင်း၊

မအူပင်မြို့နယ်၊ အောက်ထုံးအုပ်စု၊ ကျေးရွာ(၆)ရွာ၌ (၇/၈/၉-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၈၀) လုံး၊ အိမ်ထောင်စု (၈၀) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးစီ၊ လူဦးရေ (၃၆၇) ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၇၇၀၇၀၀ိ/-)(ကျပ်ခုနှစ်သိန်းခုနှစ်သောင်းခုနှစ်ရာတိတိ)တို့အားလည်းကောင်း၊

(၁၇-၈-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ ထွေ/အုပ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events