ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် နိဒင် IDP စခန်းအား အပြီးသတ်ပိတ်သိမ်း

20 Pic 04
စစ်တွေ၊ သြဂုတ်၁၉ရက်
ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိရာ ကျောက်တော် မြို့နယ်၊ နိဒင် IDP စခန်းပိတ်သိမ်းနိုင်ရေးအတွက် နိဒင်ကျေးရွာအနီးတွင် နေအိမ်သစ် (၈၅) လုံး ဆောက်လုပ်ပြီးဖြစ်၍ ရခိုင်ပြည်နယ်အစိုးရက စနစ်တကျ ပြောင်းရွှေ့နေရာချထားပေးခဲ့ရာ ယခုအခါ အိမ်ထောင်စု အားလုံးပြောင်းရွှေ့ပြီးဖြစ်ပါသည်။ ထိုစခန်းတွင် အိမ်ထောင်စု (၈၅) စု လူဦးရေ (၅၈၀) ကျော်ရှိပြီး၊ ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်စဉ်များအပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ ယခင်က ရခိုင်ပြည်နယ်တွင် IDP စခန်း (၂၁) ခုကျန်ရှိနေပြီး ၂၀၁၇ ခုနှစ်အတွင်း ကျောက်ဖြူမြို့နယ်ရှိ ကညင်တော IDP စခန်း၊ ရမ်းဗြဲမြို့နယ်ရှိတန်းရွာ IDP စခန်းများအပြီး ပိတ်သိမ်းနိုင်ခဲ့ပြီး ပေါက်တောမြို့နယ်ရှိ ကြိမ်နီပြင် IDP စခန်းအား တစ်စိတ်တပိုင်းပိတ်သိမ်းနိုင်ခဲ့ကာ ကျေးရွာများ တွင် ပြန်လည်နေရာချထားပေးခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ ရခိုင်ပြည်နယ်တွင် IDPစခန်း (၁၈) ခုသာကျန်ရှိပြီး ၎င်းတို့အထဲမှ မြေပုံမြို့နယ်ရှိတောင်ပေါ် IDP စခန်းအားပိတ်သိမ်းလျက်ရှိပြီး၊ စစ်တွေမြို့နယ်ရှိ သက္ကေပြင် IDP စခန်း၊ ခေါင်းဒုက္ကာ (၁) နှင့် (၂) IDP စခန်း၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံး IDP စခန်းများ ပိတ်သိမ်းနိုင်ရန်အတွက်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။

#otr
#rke_aug2018

Sign Up

Upcoming Events