Category Archives: News
-
ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ ချမ်းဖန်းကျေးရွာအုပ်စု၊ အောက်ကျင်း ကျေးရွာ၌ (၁၂-၈-၂၀၁၈) ရက်နေ့တွင် မိုးသည်ထန်စွာရွာသွန်းပြီး မြစ်ရေကြီး လှိုင်းပုတ်ခတ်မှုကြောင့် ရေဘေးသင့်ခဲ့ သော တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅၀,၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာနှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀၀/-)ကျပ်၊ သုခကာရီ ကမ်းသာယာ ဘုန်းတော်ကြီးကျောင်း အုတ်ကြွပ်အကာအချပ် (၅၀) ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေ … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်မြို့နယ်၊ ဝါးရုံသာကျေးရွာအုပ်စု၊ ရွှေလင်းတကျေးရွာ (၅-၈-၂၀၁၈)ရက်နေ့တွင် ချင်းတွင်းမြစ်ရေမြှင့်တက်မှု ကြောင့် ကမ်းပါးပြိုကျမှုအန္တရာယ်ကြုံတွေ့နိုင်သည့်အတွက် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သော အိမ်ခြေ(၁)အိမ် အိမ်ထောင်စု(၁)စု လူဦးရေ (၅)ဦးတို့အား ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုး (၁၁၀,၅၀၀/-) ကျပ်တို့အား (၁၄-၈-၂၀၁၈)ရက်နေ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_aug2018 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
စစ်တောင်းမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာအုပ်စု၊ မြသီတာရပ်ကွက် ၌ (၁၂-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော စစ်တောင်းမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် ပြိုကျနေအိမ် (၇) လုံး မှ အိမ်ထောင်စု (၇) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၇) အိမ်ထောင်စာအားလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၅) လုံးမှ အိမ်ထောင်စု (၅) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လပွတ္တာမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အသင်း တို့နှင့်ပူးပေါင်း၍ (၁၃-၈-၁၈) ရက်နေ့ (၁၅း၀၀) နာရီအချိန်တွင် ပြည်သလူထု(၅၀) ဦးအား သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ် ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_aug2018
-
မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၈-၂၀၁၈)ရက်နေ့တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့နှင့် ပူးပေါင်း၍ ရေကြည်မြို့နယ်၊ အင်းလျာကုန်းကျေးရွာ၌ ရေကြည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ကျေးလက်ကျန်းမာရေးအဖွဲ့ ရပ်မိရပ်ဖနှင့် ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၈၀)ဦးအား မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2018 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ပင်လယ်ဒီရေထူးကဲစွာမြင့်တက်လာမှုကြောင့် နေအိမ်(၃၇)လုံး ပျက်စီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ တောင်ပိုင်းကျေးရွာ၌ (၁၂-၈-၂၀၁၈)နေ့ (၁၅:၀၀)အချိန်ခန့်တွင် ပင်လယ်ဒီရေထူးကဲစွာမြင့်တက်လာပြီး အဆိုပါဒီရေ၏အရှိန်ကြောင့် ပင်လယ်ကမ်းစပ်အနီးတွင်ရှိသော လူနေအိမ် (၃၇)လုံး ပြိုကျပျက်စီးခဲ့ရာ အိမ်ထောင်စု(၃၇)စုမှ လူဦးရေ(၁၈၈)ဦးတို့ကို ဘုန်းကြီးကျောင်းနှင့် ဆွေမျိုးများနေအိမ်သို့ ခေတ္တပြောင်းရွှေ့ ပေးထားပါသည်။ အဆိုပါ နေအိမ် (၃၇)လုံးအတွက် အိမ်(၁)လုံးလျှင်(၁)သိန်းနှုန်းဖြင့် (၃၇)သိန်း အပါအဝင် ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးငွေများ စုစုပေါင်း (၅,၂၉၁,၈၆၁/-) (ကျပ်ငါးဆယ့်နှစ်သိန်းကိုးသောင်းတစ်ထောင်ရှစ်ရာခြောက်ဆယ့်တစ်တိတိ)အား (၁၃-၈-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းနှင့် လိုအပ်သည်များဆက်လက် … Read more
-
ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ထူးကဲဒီရေတက်မှုကြောင့် ဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၁၈) ရက်နေ့တွင် ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် (၉၃) ရပ်ကွက် မြစ်ကမ်းပါးရှိ လူနေအိမ်အချို့တွင် ရေများဝင်ရောက်သဖြင့် အိမ်ထောင် စု (၇၉) စုမှ လူဦးရေ (၃၄၀) ဦးတို့ရေဘေးသင့်ခဲ့သောကြောင့် ကယ်ဆယ်ရေးစခန်း (၃) ခုဖွင့်လှစ်ထားရှိသဖြင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၁၄,၀၀၀/-) ကျပ်အား (၁၃-၈-၂၀၁၈) ရက်နေ့တွင် မြို့နယ်လွှတ်တော် ကိုယ်စား လှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ရေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ … Read more
-
မကွေးမြို့နယ်နှင့် မင်းဘူးမြို့နယ်တို့အတွင်းရှိ ရေဘေးရှောင်အိမ်ထောင်စုများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ မြေနုကျေးရွာ၌ (၁၁-၈-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးရှောင် အိမ်ထောင်စု (၇၉) စု၊ လူဦးရေ (၂၅၈) ဦးတို့အတွက် အိမ်ထောင်စု (၁) စုလျင် ငါးသေတ္တာဗူး (၃) ဗူးနှုန်းဖြင့် အိမ်ထောင်စု (၇၉) စုအတွက် (၇၁,၁၀၀ိ/-)၊ လူဦးရေ (၂၅၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၁၂,၉၀၀ိ/-) ကျပ်အားလည်းကောင်း၊ ဆက်လက်၍ မင်းဘူးမြို့နယ်၊ မန်းကျိုးကျေးရွာနှင့် … Read more
-
မြစ်ကြီးနားမြို့၊ အ.ထ.က-၅ ကျောင်း၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးနှင့် ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မှုသတင်း
=================================================== Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ==================================================== ဥရောပသမဂ္ဂ၏ ငွေကြေးထောက်ပံ့မှု အစီအစဉ်ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းပြီး ငလျင်ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်နိုင်စွမ်း မြှင့်တင်ရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၌ ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့နည်းစေရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အ.ထ.က-၅ ကျောင်းတွင် (၁၃.၈.၂၀၁၈)ရက်နေ့၊ (၀၉း၀၀) နာရီအချိန်မှ … Read more
-
ပင်လယ်ဒီရေထူးကဲစွာမြင့်တက်လာမှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၁၈) ရက်နေ့ (၁၅း၀၀) နာရီအချိန်ခန့်တွင် ပင်လယ်ဒီရေထူးကဲစွာမြင့်တက်လာပြီး ၎င်းဒီရေ၏အရှိန်ကြောင့် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ ပင်လယ်ကမ်းနားရှိ ဖက်မိုး ထရံကာ လူနေအိမ်( ၃၇) လုံး ပြိုကျပျက်စီးခဲ့သဖြင့် (၁၃-၈-၂၀၁၈) ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်း ရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်တို့နှင်အတူ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၇) သိန်း၊ လူဦးရေ … Read more









