လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ (၂၂-၈-၂၀၁၈) ရက်နေ့တွင် တောင်ညိုချောင်း၏ ချောင်းဘောင် (၂၅) ပေခန့် ကျိုးပေါက်ခဲ့သဖြင့် တာပွန်မြို့ မြောက်ပိုင်း ရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်ရှိ ရေဝငင်ပြောင်းရွှေ့အိမ်ထောင်စု (၁၁၀) စုမှ လူဦးရေ (၃၅၅) ဦးအတွက် တစ်ဦး လျှင် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ(၂,၁၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၇၄၅,၅၀၀/-) ကျပ်တို့အား (၂၃-၈-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#bgo_aug2018