================================================
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၈) ရက်နေ့၊ (၀၉:၀၀~၁၀:၃၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အထက မြို့ရှေ့ ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၀၀) ဦးတို့အား လည်းကောင်း၊ အထက လက်ပံပင်ရွာ ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၆၀) ဦးတို့အား (၁၂:၄၅~၁၄:၃၀) နာရီထိလည်းကောင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် မီးဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး တို့ကို အသိပညာပေးဟောပြောခြင်း၊ ဆောင်ရန်/ ရှောင်ရန်များအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။