
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ ညောင်ဝန်းကျေးရွာအုပ်စု၊ ညောင်ဝန်း(မ)ကျေးရွာတွင် (၂၂-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ယောချောင်းရေတိုက်စား ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၃၃၆၀၀/-)ကျပ်၊ စုစုပေါင်း (၄၃၃၆၀၀/-)ကျပ်တို့အား (၂၃-၈-၂၀၁၈)ရက်နေ့တွင် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးအောင်သန်း၊ ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့်အတူ ညောင်ဝန်း(မ)ကျေးရွာ၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
#ha_rbe
#mgy_aug2018
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)