================================================
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် ကျောက်မဲမြို့နယ်၊ အမက-၄ မူလွန်ကျောင်း ကျောင်းခန်းမ၌ ကျောင်းသား/သူ (၁၇၀) ဦးခန့်အား ရေဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။