================================================
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ADRA (Myanmar) လူမှုဖွံ့ဖြိုးရေးနှင့် ကူညီရေးအဖွဲ့တို့ ပူးပေါင်း၍ (၂၂-၈-၂၀၁၈) ရက်နေ့တွင် စီမံချက်ကျေးရွာဖြစ်သည့် ဂန့်ဂေါမြို့နယ်၊ မင်းရွာကျေးရွာအုပ်စု လက်ဝဲကုန်းကျေးရွာ၌ ကျေးရွာနေပြည်သူ (၃၀) ဦးတို့အား ကျေးရွာအဆင့်ဘေးအန္တရာယ်လျော့ချရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရှိရပါသည်။