သြဂုတ်လ၊ ၂၃၊ နေပြည်တော်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် မြန်မာနိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ သာယာဝပြောမှုနှင့် မိတ်ဖက်ဖြစ်မှု၊ ပြည်သူနှင့် ကမ္ဘာကြီးပါဝင်သော မဏ္ဍိုင်ကြီး (၃) ခုကို အခြေခံပြီး ရည်မှန်းချက် ပန်းတိုင် (၅) ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ပါသည်။ ရည်မှန်းချက် ပန်းတိုင် (၅) ရပ်မှာ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လုံခြုံရေးနှင့်ကောင်းမွန်သော အုပ်ချုပ်ရေး၊ စီးပွားရေးတည်ငြိမ်အားကောင်းလာရေး၊ အလုပ်အကိုင်ဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍဦးဆောင်သည့် ဖွံ့ဖြိုးတိုးတက် ရေး၊ (၂၁) ရာစု လူမှုအသိုက်အဝန်းအတွက် လူသားအရင်းအမြစ်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝအရင်း အမြစ်များနှင့် ပတ်ဝန်းကျင်တည်တံ့ရေးတို့ဖြစ်ပါပြီး ထိုရည်မှန်းချက်ပန်းတိုင်များ ပြည့်မီစေရန် ဝန်ကြီးဌာန အသီးသီးက တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါသည်။
ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရည်မှန်းချက် ပန်းတိုင်အလိုက် ဦးဆောင်ရမည့်အခန်းကဏ္ဍ၊ ဖြည့်ဆည်း ပေးရမည့်အခန်းကဏ္ဍနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ရမည့်အခန်းကဏ္ဍဟူ၍ တာဝန်ယူအကောင်အထည် ဖော်ရ မည်ကို မိမိတို့်ဝန်ထမ်းတိုင်း သိရှိသဘောပေါက်ထားရန်လိုကြောင်း၊ ဝန်ထမ်းအားလုံးကိုလည်း အဆင့်ဆင့်ရှင်းလင်း ထားရန်လိုကြောင်း၊ ဦးစီးဌာနများအလိုက် မဏ္ဍိုင် (၃) ရပ်၊ ရည်မှန်းချက်ပန်းတိုင် (၅) ရပ်နှင့် လုပ်ငန်းစဉ် (၂၅၀) တွင် ပါဝင်သက်ဆိုင်သည့် လုပ်ငန်းနယ်ပယ်အစီစဉ်များ ထိရောက်စွာ ချမှတ်နိုင်မှသာ ပြည်သူများအကျိုးကို အပြည့်အ၀ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားကာ မြန်မာနိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လုပ်ငန်းစဉ်ဆိုင်ရာများကို တာဝန်ရှိသူများက ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။