================================================
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ဇယမကျေးရွာအုပ်စု ဇယမကျေးရွာနှင့် နတ်ညွှန်းကျေးရွာအုပ်စု နတ်ညွှန်းကျေးရွာတို့၌ (၂၃-၈-၂၀၁၈) ရက်နေ့၊ (၁၀း၁၀) နာရီအချိန်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် လူနေအိမ်(၃) လုံး၊ အိမ်ထောင်စု(၃)စု လူဦးရေ(၁၆)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၃) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၃၃၆၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀ိ/-)၊ စုစုပေါင်း(၃၃၃၆၀၀ိ/-) အား (၂၃-၈-၂၀၁၈) ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။