စာသင်ကျောင်းအခြေပြု သဘာဝဘေးလျော့ပါးရေးသင်တန်း ဖွင့်လှစ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Lutheran World Federation (LWF) အဖွဲ့ အစည်းနှင့်ပူးပေါင်း၍ စာသင်ကျောင်းအခြေပြုသဘာဝဘေးလျော့ပါးရေးသင်တန်း(School Based Disater Risk Reduction Training) အား (၁၃-၈-၂၀၁၈) ရက်နေ့မှ (၁၄-၈-၂၀၁၈) ရက်နေ့အထိ မြောက်ဦးမြို့နယ်၊ ရှမ်းတောင်ကျေးရွာ၌လည်းကောင်း (၁၆-၈-၂၀၁၈) ရက်နေ့မှ(၁၇-၈-၂၀၁၈) ရက်နေ့အထိ မြောက်ဦးမြို့နယ် ရုပ်ချောင်းကျေးရွာ၌လည်းကောင်း (၂၀-၈-၂၀၁၈) ရက်နေ့မှ (၂၁-၈-၂၀၁၈) ရက်နေ့အထိ မြောက်ဦးမြို့နယ်ချောင်းနားကျေးရွာ၌လည်းကောင်း ဖွင့်လှစ်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ စာသင်ကျောင်းကော်မတီဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၉) ဦးစီတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#rke_aug2018

Sign Up

Upcoming Events