Category Archives: News
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ တလုပ်ကုန်းကျေးရွာအုပ်စု၊ ဥတိုကျေးရွာတွင် (၂၉-၈-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁) အိမ်ထောင်စာ (၁၈၅၁၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၅၆၃၀၀/-)ကျပ်တို့အား (၃၁-၈-၂၀၁၈)ရက်နေ့(၁၃း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2018 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး … Read more
-
ကမ်းပြိုဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၁၈)ရက်နေ့တွင် ကမ်းပြိုဘေးဖြစ်ပေါ်ခဲ့သည့် ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိကျေးရွာ တွင် လူနေအိမ်(၁၃)လုံး ပြောင်းရွှေ့ခဲ့ရသဖြင့် ဘေးသင့်အိမ်ခြေ(၁၃)လုံး၊ အိမ်ထောင်စု(၁၃)စု၊ ဘေးသင့်လူဦးရေ(၅၁)ဦးတို့အား အိမ်ဆောက်ပစ္စည်းဖိုး (၁၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၇၁၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ စုစုပေါင်း (၁၄၀၇၁၀၀/-)(ကျပ်တစ်ဆယ့်လေးသိန်းခုနှစ်ထောင့်တစ်ရာတိတိ)အား (၁-၉-၂၀၁၈)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ထူးအောင်၊ ခရိုင်ပြန်/ဆက်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ အနာဂတ်အလင်းရောင်လူငယ်ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးရဲထွဋ်၊ ဌာနဆိုင်ရာများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_sep2018 … Read more
-
ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် (၂၁.၇.၂၀၁၈)ရက်နေ့နှင့် (၂၂.၇.၂၀၁၈) ရက်နေ့တို့တွင် တောင်ကျ ချောင်း ရေတိုးဝင်မှုကြောင့် မြဝတီမြို့နယ်၊ ကော့ကော်ကျေးရွာရှိ နေအိမ်မျောပါပျက်စီးသွား သောအိမ်ထောင်စု(၂)စုအတွက် (၃၁.၈.၂၀၁၈)ရက်နေ့ ညနေ(၁၅း၀၀) နာရီတွင် ကော့ကော်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကော့ကော်ကျေးရွာအုပ်ချုပ်ရေးမှူးမှ တာဝန်ရှိသူများနှင့်အတူ (၁)အိမ်လျှင် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)ကျပ်နှုန်းဖြင့် မျောပါပျက်စီးသွားသော နေအိမ်(၂)အိမ်စာ စုစုပေါင်း(၄၀၀၀၀၀/-)ကျပ်အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ #ha_fld #krn_2018 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြိတ်မြို့၊ ကျွဲကူးတပ်နယ် (အ .ထ.က) ၌ (၁-၉-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ လက်တွေ့မီးငြိမ်းသတ်ခြင်း တို့ကိုပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၅၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဘောပင်၊ လက်ကမ်း စာစောင်နှင့် ဗီနိုင်းပိုစတာများ ဝေငှပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_sep2018
-
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းနှင့်ပြည်သူများအားအသိပညာပေးဆွေးနွေးပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၁၈) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ဟိုင်းစီ ကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာ၊ ဧရာဘိုခန်းမ၌ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းနှင့် ပြည်သူများအား အသိပညာ ပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပူးပေါင်းပါဝင်၍ အဆိုပါဆွေးနွေးပွဲ၌ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာများကိုဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ၊ သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာသူ/သား စုစုပေါင်း (၃၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_sep2018
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၈.၂၀၁၈)ရက်နေ့နှင့် (၃၁.၈.၂၀၁၈)နေ့တို့တွင် လယ်ဝေးမြို့အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ပလွေးချောင်းရေ မြင့်တက်လာမှုကြောင့် လယ်တာကြီးကျေးရွာအုပ်စု၊ ချောင်းမငယ်ကျေးရွာရှိ လူနေအိမ် (၄)လုံးအား ကမ်းပါးပြို ကျမှုမှ ကာကွယ်ရန်ကြိုတင်ပြောင်းရွှေ့ခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၄၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၃၆၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၃၃၆၀၀/-)ကျပ်နှင့် (၇၄၆၄၀/-)ကျပ် တန်ဖိုးငွေရှိ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၄)အိမ်ထောင်စာတို့ အား (၃၁.၈.၂၀၁၈)ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်သူ များလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ဲကြောင်း သတင်းရရှိပါသည်။ … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ဦးစီးမှူးရုံး တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာနှင့် ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာ တို့တွင် (၃၀.၈.၂၀၁၈)ရက်နေ့၊ (၁၂း၁၀)အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ငါးလန်ကျေးရွာ၊ ဓမ္မရိက္ခိတဘုန်းတော်ကြီးကျောင်းရှိကျောင်းဆောင်(၁)ဆောင်နှင့် ကွေ့ထောင့်ကျေးရွာ၊ လူနေအိမ် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ ကျောင်းဆောင်(၁)ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀/-)ကျပ်၊ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၁၈၉၀၀/-)အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) စုစုပေါင်း(၂၁၈၉၀၀/-)ကျပ်တို့အား (၃၁.၈.၂၀၁၈)ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား IOM အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံခြင်းနှင့် ရေဘေးသင့်ပြည်သူများအတွက် မြင်းခြံဒီဂရီကောလိပ်မှ အလှူငွေများ ပေးအပ်လှူဒါန်းမှုသတင်း
သြဂုတ် ၃၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ရွှေ့ပြောင်းသွား လာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) မှ Chief of Mission ဖြစ်သူ Mr. Akio Nakayama ဦးဆောင်သောအဖွဲ့တို့က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသောကိစ္စရပ်များ၊ IOM မှ ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရခိုင် ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အသိုက်အဝန်းနှစ်ခုအကြား လူမှုသဟဇာတ … Read more
-
မြစ်ရေကြီးခြင်းသတိပေးချက်
၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန မှမြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် (၂၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃၀.၈.၂၀၁၈)ရက်နေ့ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ အမှတ်(၁)ရပ်ကွက်နှင့် ပိတပ်ကျေးရွာလေဘေးတွင် လေဘေးသင့်ခဲ့ သော အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စုမှ လူဦးရေ(၄၁)ဦးအတွက် ဆန်ဖိုး (၈၆၁၀၀/-)ကျပ်၊ ပြိုလဲအိမ်နှင့် အမိုးလန်အိမ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၆၀၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး(၁)စုနှင့် (၁၀)မျိုး (၅)စုစာ၊ အမိုးလန်ဘုန်းကြီးကျောင်းတွက် ထောက်ပံ့ငွေ (၉၈၀၀၀/-)ကျပ်တို့အား (၃၁.၈.၂၀၁၈)ရက်နေ့၊ (၁၅း၀၀)နာရီအချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_aug2018 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









