လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀၁၈) ခုနှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများအတွင်း ဖြစ်ပွားခဲ့သည့် ရေဘေးကြောင့် ဖျာပုံမြို့၊ အမာမြို့၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ နောက်မီးကျေးရွာအုပ်စုနှင့် ဘဝသစ်ကျေးရွာ အုပ်စုတို့၌ အိမ်ထောင်စု (၂၈၈) စုဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ရန်ကုန်မြို့၊ မဟာစည် သာသနာ့ရိပ်သာ သြဝါဒါစရိယမြစ်သားဆရာတော် အမှူးပြုသော တပည့်သာဝကများမှ အလှူငွေ (၁၂,၆၅၉,၅၀၀/-) ကျပ်နှင့် (၃၃၆,၆၀၀/-) ကျပ် တန်ဖိုးရှိ မျက်နှာသုတ်ပုဝါ (၁၁၂) ထည် အားလည်းကောင်း၊ ဒေါက်တာတင့်စိုးလင်း၊ ညီမဒေါ်ပွင့်မာခိုင်မိသားစုနှင့် ညီအစ်ကိုမောင်နှမများ (ရွှေပုဇွန်မိသားစု)မှ အလှူငွေကျပ် (၁၀,၀၀၀,၀၀၀/-) ကျပ်နှင့် (၂,၇၃၆,၀၀၀/-) ကျပ်တန်ဖိုးရှိ ရွှေပုဇွန်ကွတ်ကီးမုန့်ထုပ် (၃၀) ပုံးတို့အား (၁၁-၉-၂၀၁၈) ရက်နေ့တွင် လာရောက်လှူဒါန်းခဲ့ပါသည်။အဆိုပါ လှူဒါန်းမှုအခမ်းအနားကို ဖျာပုံခရိုင်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်အဖွဲ့မှ ဧည့်သည့်တော် (၁၂) ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ရုံးအဖွဲ့၊ ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြပြီး အလှူငွေနှင့် အလှူပစ္စည်းများအား သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ဝန်ရှိသူများ၏ ေရှ့မှောက်တွင် လွှွဲှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#ayy_sep2018