================================================
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၁၈) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ အ.ထ.က မြင်းကပါကျေးရွာ၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈၀) ဦးတို့အား မီးဘေး၊ မိုးကြိုးဘေးနှင့် ငလျင်ဘေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ဆောင်ရန်/ ရှောင်ရန်များအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။