လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲအကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံပြီး မြိတ်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာရေလုပ်သား (၈) ဦးအား မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ကြိုဆိုရေးအဖွဲ့ဖြင့် လက်ခံကြိုဆိုခဲ့ပြီး မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူးမှတဆင့် သက်ဆိုင်ရာ မိဘ/ အုပ်ထိန်းသူ ဆွေမျိုးများထံသို့ (၁၁-၉-၂၀၁၈) ရက်နေ့၊ (၁၂း၄၅) နာရီအချိန်တွင် ပြန်လည်အပ်နှံပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#otr
#tny_Sep2018