================================================
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၃း၀၀) နာရီအချိန်မှ (၁၅း၀၀) နာရီအချိန်ထိ တာချီလိတ်မြို့နယ်၊ အ.မ.က မူလွန် ပါခုတ်၌ ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေးပိုစတာများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ လူဦးရေ (၁၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။