Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ (၁၄-၉-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်တွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြလုပ်ခဲ့ရာ ဆရာ/ဆရာမ (၅) ဦး၊ ကျောင်းသား/သူ (၂၅၀) ဦး၊ စုစုပေါင်း (၂၅၅) ဦးတက်ရောက်ခဲ့ပြီး ဗွီနိုင်းနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_sep2018
-
သဘာဝဘေး အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၉.၂၀၁၈)ရက်နေ့ နံနက် (၁၃း၀၀)နာရီမှ (၁၅း၀၀)နာရီထိ တာချီလိတ်မြို့နယ်၊ အ-လ-က ရန်အောင်မြေကျောင်း တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၀)ဦးအား သဘာဝဘေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဗီနိုင်းပိုစတာများပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2018 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြို့နယ်အဆင့်သဘာဝဘေးစီမံခန်ခွဲမှုသင်တန်း ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ (၁၄-၉-၂၀၁၈)ရက်နေ့တွင် ကွန်ဟိန်းမြို့၊ နန့်ပန်ခန်းမတွင် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုစုပေါင်း သင်တန်းသား/သူ (၅၀)ဦးဖြင့် မြို့နယ်အဆင့်သဘာဝဘေးစီမံခန်ခွဲမှုသင်တန်း ဒုတိယရက်အဖြစ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာသင်ခန်းစာများ ဆွေးနွေးပို့ချပြီး သင်တန်းသား/သူများမှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2018 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှမြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ၁။ သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ၂။ အကြံပြုချက် သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
ပါတိတ်ချောင်းရေကြီးမှုကြောင့် ကမ်းပါးပြို၍ ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စု၊ အထက်ဆန်ဂေါင်ကျေးရွာ၌ (၉-၉-၂၀၁၈) ရက်နေ့တွင် ပါတိတ်ချောင်းရေကြီးမှုကြောင့် ကမ်းပါးပြို၍ ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု (၄) စု၊ လူဦးရေ (၂၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၅၈,၈၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄) အိမ်ထောင်စာတို့အား ဌာနဆိုင်ရာပူးပေါင်းပါဝင်သောအဖွဲ့များနှင့်အတူ (၁၄-၉-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe … Read more
-
ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းအကြို ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၉.၂၀၁၈)ရက်နေ့မှ (၁၆.၉.၂၀၁၈)ရက်နေ့အထိ မော်လမြိုင်မြို့၊ သီရိမင်ဂလာရပ်ကွက်တွင် ပြုလုပ်မည့် ရေဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းအကြို ညှိနှိုင်းဆွေးနွေးပွဲအား (၁၄.၉.၂၀၁၈)ရက်နေ့တွင် ၎င်းရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #mon_sep2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးနှင့် အခြားသဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲဲပြုလုပ်မှုသတင်း
ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ADRA(Myanmar)လူမှုဖွံ့ဖြိုးရေးနှင့် ကူညီရေးအဖွဲ့တို့ပူးပေါင်း၍ (၁၃-၉-၂၀၁၈)ရက်နေ့တွင်(၁၀း၀၀)နာရီမှ (၁၂း၀၀) နာရီအထိ စီမံချက်ကျေးရွာဖြစ်သည့် ဇီးပြားကျေးရွာအုပ်စု၊ ရောင်နက်ကျေးရွာ၌ ကျေးရွာနေပြည်သူလူထု(၄၈)ဦးနှင့် အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၉၀)ဦး၊ စုစုပေါင်း(၁၃၈)ဦးတို့အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #mgy_sep2018 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ
-
သဘာဝဘေး အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၉.၂၀၁၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီထိ တာချီလိတ်မြို့နယ်၊ အ.လ.က တာလော့ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၀၀)ဦးအား သဘာဝဘေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဗီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2018 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းကျင်းပသော မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ကွန်ဟိန်းမြို့၊ နမ့်ပန်ခန်းမ၌ (၁၃-၉-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားဝန်ကြီးက အဖွင့်အမှာစကားပြောကြားခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်မှူးနှင့် တာဝန်ရှိသူများက သင်ခန်းစာများဆွေးနွေးပို့ချခြင်းနှင့် အဖွဲ့လိုက်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား/သူ (၅၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂) ရက်ဖြစ်ကြောင်းသတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2018
-
ရေဘေးဒဏ်ခံရသောပြည်သူများအတွက်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကျပ်သိန်း (၁၅၀) ပေးအပ်လှူဒါန်းမှုသတင်း
စက်တင်ဘာ(၁၃)နေပြည်တော် မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးဒဏ်ခံရသောဒေသများရှိ ပြည်သူများအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက လှူဒါန်းငွေ ကျပ်သိန်း (၁၅၀) ကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်း ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (ကိုယ်စား) လာရောက်လှူဒါန်းရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး အလှူငွေများပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာကိုပေးအပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။ #hl1 #npw_Sep2018









