လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အတွင်းရှိ ကျော က်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များ၌ စာသင်ကျောင်းများအတွက် Assembled Board House (၁၈) ပေ၊ (၅) ခန်းတွဲ၊ (၄) လုံးဆောက်လုပ်ရန် သယ်ယူပို့ဆောင်ရေးစရိတ်အဖြစ် (ငွေကျပ်သိန်းတစ်ရာ/-) အား (၂၅-၉-၂၀၁၈) ရက်နေ့တွင် စစ်တွေမြို့၊ မဏိရတနာကျောင်းတိုက်၊ စာချဆရာတော် ဦးဉာဏထံသို့ သွားရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#otr
#rke_sep2018