မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

25 Pic_01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်၊ လွန်ခွါကျေးရွာအုပ်စု၊ လွန်ခွါကျေးရွာ၌ (၁၈-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် (သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ) အိမ်ခြေ (၁) လုံးမှ လူဦးရေ (၁) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး (၂,၁၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် Family Kits (၁) စုံတို့အား (၂၅-၉-၂၀၁၈) ရက်နေ့တွင် ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Source:         ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha¬_fir

#chn_sep2018

Sign Up

Upcoming Events