Category Archives: News
-
ရေနံချောင်းမြို့နယ်ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့ နယ်၊ ကံသာကျေးရွာ၌ (၁၇-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် အိမ်ခြေ (၁၇) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၇၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၅၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၁၅,၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၈၁၅,၅၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ထောင်စု (၁၇) စုစာတို့အား (၂၆-၉-၂၀၁၈) ရက်နေ့ … Read more
-
မီးဘေးအန္တရာယ် အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲ မှုဦးစီးဌာန၊မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ဦးအောင်ဇေယျလမ်း၊ မြဝတီခရိုင် ပြန်/ဆက်ဦးစီးဌာနရုံးအနီး၌ (၂၆-၉-၂၀၁၈) ရက်နေ့၊ မွန်းလွဲ (၁၅း၀၀) နာရီအချိန်တွင် ကျောင်းသား လူငယ်များနှင့် အများပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အသိပညာများ တိုးပွားစေရန် အတွက် မီးဘေးအန္တရာယ် အသိပညာပေးဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်းသတင်းရရှိသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_fir #krn_sep2018
-
ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့်ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးငယ်များအား ငွေကြေးအထောက်အပံ့ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်မှုသတင်း
နေပြည်တော်၊ စက်တင်ဘာ ၂၆ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းအစီအစဉ် (၈) ရပ် အနက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ် အောက်ကလေးငယ်များအား ငွေကြေး အထောက်အပံ့ပေးရေးနှင့် လူမှုရေးပင်စင်အစီအစဉ်တို့အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ သည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးငယ်များအား ငွေကြေး အထောက်အပံ့ပေးရေးအစီအစဉ်ကို ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းသက်သာသောချေးငွေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကွင်းလျားကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် (၂၀-၉-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင် စာ (၃၇၃၅၃/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၈၄၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၈၄၀၀/-)ကျပ်တို့အား (၂၅-၉-၂၀၁၈)ရက်နေ့ (၁၀း၃၀)နာရီအချိန်တွင် ငါးသိုင်းချောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၆-၉-၂၀၁၈)ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၊ ဟရိန်ခန်းကျေး ရွာ၌ မြေပြိုဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မီးဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး အစရှိသော သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အချက်များကို ဟောပြောပို့ချခဲ့ရာ ကျေးရွာသူ/သားများ စုစုပေါင်း (၅၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #chn_sep2018 Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် ဇမ္ဗူသီရိ မြို့နယ်၊ မြို့မဈေးထိပ် ကားဝန်းနှင့် မီးပွိုင့်ကြား၌ (၂၆-၉-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို ပြည်သူလူထုအား သိရှိစေရန်အတွက် သဘာဝဘေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_sep2018
-
ငလျင်ဘေးအန္တရာယ်နှင့် အခြားဘေးအန္တရာယ်တို့ကြုံတွေ့လာပါက ဆောင်ရန်/ရှောင်ရန်အချက်များ အား ဟောပြောဆွေးနွေးပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲ မှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့ရှိ အ.ထ.က (၃) စာသင်ကျောင်း၌ (၂၅-၉-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၄း၀၀) အချိန်တွင် ငလျင်ဘေးအန္တရာယ်နှင့် အခြားဘေးအန္တရာယ်တို့ကြုံတွေ့လာပါက ဆောင်ရန်/ရှောင်ရန် အချက်များ အား ဟောပြောဆွေးနွေးခဲ့ကြရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၃၀၀) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဗီဒီယိုပြသခြင်းနှင့် ဘေး(၈)မျိုးပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့လူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
================================================ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၁၈) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကျောက်ဖြူမြို့နယ်၊ ပညာရေးကောလိပ်အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့လူငယ်(ဆင့်ပွား)သင်တန်း(၃/၂၀၁၈)ကို ဖွင့်လှစ်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအခမ်းအနားသို့ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များနှင့် သင်တန်းသား/သူ(၃၀)ဦး၊ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၅-၉-၂၀၁၈) ရက်နေ့မှ (၂၇-၉-၂၀၁၈) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
-
ဘွတ်ကြီးရေလှောင်တမံအောက်ပိုင်းမှ ရွှေ့ပြောင်းပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ သမ္ဘူလကျေးရွာ အုပ်စုအတွင်းရှိ ဘွတ်ကြီးရေလှောင်တမံကျိုးပေါက်ပြီး ဆည်ရေကြီးမည့်အန္တရာယ်ကို စိုးရိမ်စိတ်ဖြင့် ရွှေ့ပြောင်းကြ သော ကျေးရွာ (၆) ရွာမှ အိမ်ထောင်စု (၄၉၀) စု၊ လူဦးရေ (၁၇၉၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၃,၇၆၉,၅၀၀/-) ကျပ်နှင့် (၁၀x၁၀) ပေ မိုးကာစ (၄၉၀) စတို့ကို (၂၆-၉-၂၀၁၈) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ် (၄/၂၀၁၈) ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ပုလောမြို့နယ်၊ ပလမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၄/၂၀၁၈) ဖွင့်လှစ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား တာဝန်ရှိသူတစ်ဦးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သင်ထောက်ကူပစ္စည်းများပေးအပ်ခြင်းနှင့် ဂိမ်းကစားခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလ (၃) ရက်ဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း … Read more









