သဘာဝဘေးလျော့ပါးရေးစေတနာ့လူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း

26 Pic 01 26 Pic 02 26 Pic 03
================================================
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၁၈) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကျောက်ဖြူမြို့နယ်၊ ပညာရေးကောလိပ်အစည်းအဝေးခန်းမ၌  သဘာဝဘေးလျော့ပါးရေးစေတနာ့လူငယ်(ဆင့်ပွား)သင်တန်း(၃/၂၀၁၈)ကို ဖွင့်လှစ်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအခမ်းအနားသို့ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များနှင့် သင်တန်းသား/သူ(၃၀)ဦး၊ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၅-၉-၂၀၁၈) ရက်နေ့မှ (၂၇-၉-၂၀၁၈) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

Sign Up

Upcoming Events