လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲ မှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့ရှိ အ.ထ.က (၃) စာသင်ကျောင်း၌ (၂၅-၉-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၄း၀၀) အချိန်တွင် ငလျင်ဘေးအန္တရာယ်နှင့် အခြားဘေးအန္တရာယ်တို့ကြုံတွေ့လာပါက ဆောင်ရန်/ရှောင်ရန် အချက်များ အား ဟောပြောဆွေးနွေးခဲ့ကြရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၃၀၀) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဗီဒီယိုပြသခြင်းနှင့် ဘေး(၈)မျိုးပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#chn_sep2018