လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့ နယ်၊ ကံသာကျေးရွာ၌ (၁၇-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် အိမ်ခြေ (၁၇) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၇၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၅၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၁၅,၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၈၁၅,၅၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ထောင်စု (၁၇) စုစာတို့အား (၂၆-၉-၂၀၁၈) ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း
သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#mgy_Sep2018