
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကွင်းလျားကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် (၂၀-၉-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင် စာ (၃၇၃၅၃/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၈၄၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၈၄၀၀/-)ကျပ်တို့အား (၂၅-၉-၂၀၁၈)ရက်နေ့ (၁၀း၃၀)နာရီအချိန်တွင် ငါးသိုင်းချောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_sep2018
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)