Category Archives: News
-
သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် ဇမ္ဗူသီရိ မြို့နယ်၊ မြို့မဈေးထိပ် ကားဝန်းနှင့် မီးပွိုင့်ကြား၌ (၂၆-၉-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို ပြည်သူလူထုအား သိရှိစေရန်အတွက် သဘာဝဘေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_sep2018
-
ငလျင်ဘေးအန္တရာယ်နှင့် အခြားဘေးအန္တရာယ်တို့ကြုံတွေ့လာပါက ဆောင်ရန်/ရှောင်ရန်အချက်များ အား ဟောပြောဆွေးနွေးပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲ မှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့ရှိ အ.ထ.က (၃) စာသင်ကျောင်း၌ (၂၅-၉-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၄း၀၀) အချိန်တွင် ငလျင်ဘေးအန္တရာယ်နှင့် အခြားဘေးအန္တရာယ်တို့ကြုံတွေ့လာပါက ဆောင်ရန်/ရှောင်ရန် အချက်များ အား ဟောပြောဆွေးနွေးခဲ့ကြရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၃၀၀) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဗီဒီယိုပြသခြင်းနှင့် ဘေး(၈)မျိုးပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့လူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
================================================ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၁၈) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကျောက်ဖြူမြို့နယ်၊ ပညာရေးကောလိပ်အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့လူငယ်(ဆင့်ပွား)သင်တန်း(၃/၂၀၁၈)ကို ဖွင့်လှစ်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအခမ်းအနားသို့ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များနှင့် သင်တန်းသား/သူ(၃၀)ဦး၊ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၅-၉-၂၀၁၈) ရက်နေ့မှ (၂၇-၉-၂၀၁၈) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
-
ဘွတ်ကြီးရေလှောင်တမံအောက်ပိုင်းမှ ရွှေ့ပြောင်းပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ သမ္ဘူလကျေးရွာ အုပ်စုအတွင်းရှိ ဘွတ်ကြီးရေလှောင်တမံကျိုးပေါက်ပြီး ဆည်ရေကြီးမည့်အန္တရာယ်ကို စိုးရိမ်စိတ်ဖြင့် ရွှေ့ပြောင်းကြ သော ကျေးရွာ (၆) ရွာမှ အိမ်ထောင်စု (၄၉၀) စု၊ လူဦးရေ (၁၇၉၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၃,၇၆၉,၅၀၀/-) ကျပ်နှင့် (၁၀x၁၀) ပေ မိုးကာစ (၄၉၀) စတို့ကို (၂၆-၉-၂၀၁၈) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ် (၄/၂၀၁၈) ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ပုလောမြို့နယ်၊ ပလမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၄/၂၀၁၈) ဖွင့်လှစ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား တာဝန်ရှိသူတစ်ဦးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သင်ထောက်ကူပစ္စည်းများပေးအပ်ခြင်းနှင့် ဂိမ်းကစားခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလ (၃) ရက်ဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း … Read more
-
စာသင်ကျောင်းများ ဆောက်လုပ်ရန်အတွက် သယ်ယူပို့ဆောင်ရေးစရိတ်အား သွားရောက်လွှဲပြ ောင်းပေး အပ်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အတွင်းရှိ ကျော က်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များ၌ စာသင်ကျောင်းများအတွက် Assembled Board House (၁၈) ပေ၊ (၅) ခန်းတွဲ၊ (၄) လုံးဆောက်လုပ်ရန် သယ်ယူပို့ဆောင်ရေးစရိတ်အဖြစ် (ငွေကျပ်သိန်းတစ်ရာ/-) အား (၂၅-၉-၂၀၁၈) ရက်နေ့တွင် စစ်တွေမြို့၊ မဏိရတနာကျောင်းတိုက်၊ စာချဆရာတော် ဦးဉာဏထံသို့ သွားရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #otr #rke_sep2018
-
ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ကျွန်းမီးကျေးရွာအုပ်စု၊ ကျွန်းမီးကျေးရွာ၌ (၁၄-၉-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၁၉) လုံးနှင့် ပန်းတောင်း မြို့နယ်၊ ကျွန်းမီးအုပ်စု၊ ရွှေတောင်စုကျေးရွာ၌ (၁၉-၉-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၃၃) လုံး၊ စုစုပေါင်း (၅၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅,၂၀၀,၀၀၀/-) ကျပ် တို့အား (၂၆-၉-၂၀၁၈) ရက်နေ့၊ (၁၀း၄၅) နာရီအချိန်တွင် ပန်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟဲဟိုးမြို့၊ အ.လ.က (ခွဲ) ဝါးရုံပင်ကျောင်း၌ (၂၅-၉-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်း သား/သူ (၃၀၀) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား သဘာဝဘေးဆိုင်ရာ အသိပညာ ပေးဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း တို့ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2018
-
ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်ရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေစကြိုမြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံး မှ တာဝန်ရှိသူများနှင့် အတူ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေး ရွာ၌ (၂၀-၉-၂၀၁၈) ရက်နေ့၊ (၁၁း၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါး ပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ … Read more
-
မုန်တိုင်းအသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၉-၂၀၁၈) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ရန်မျိုးအောင် ရပ်ကွက်၊ ကျိုက်မရော အ.ထ.က ကျောင်းရှေ့တွင် မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းပိုစတာအား စိုက်ထူခဲ့ပါသည်။ အဆိုပါ ဗီနိုင်းစိုက်ထူပွဲအခမ်းအနားသို့ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်ဌာနများ၊ လွှတ်တော်ကိုယ်စား လှယ်များနှင့် ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source:မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar_str #mon_Sep2018









