Category Archives: News
-
ကျောင်းတွင်းအခြေပြု အသိပညာပေးဆွေးနွေးပွဲနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်နေမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် (၆.၁၀.၂၀၁၈) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ အောင်သပြေ အခြေခံပညာမူလတန်းလွန် ကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် ကျောင်းသား/သူများကို သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအကြောင်း ဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး အကြောင်းသိကောင်းစရာများ ဟောပြောခြင်း၊ ကြက်ခြေနီသူနာပြုတပ်ခွဲမှ ရှေးဦးပြုစုခြင်းများဟောပြောခဲ့ပြီး ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို အားလုံးပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ အခမ်းအနားသို့ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/မများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း လူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၃၀၀) ခန့် … Read more
-
အသိပညာပေး ဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာမြို့နယ် ၊ ရေဆိုင်ကျေးရွာအုပ်စု၊ ကန့်ကော်ကုန်းကျေးရွာ၌ (၇-၁၀-၂၀၁၈) ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန်မှ (၁၀း၀၀) နာရီအချိန်ထိ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား (၁၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက် လာသူများအား ဘေးရှစ်မျိုးပါ လက်ကမ်းစာစောင်များဖြန်ဝေခြင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ဗီနိုင်းပိုစတာ များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_oct2018
-
ဧရာဝတီတိုင်းဒေသကြီးအတွင်း လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ့တာဝန်ရှိသူများသည် ၆.၁၀.၂၀၁၈ရက်နေ့ ၁၁း၁၅ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကုန်းစပါယ်ရုံကျေးရွာနှင့် ဖားတူးဗြိုက်ကျေးရွာတို့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်၁လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် ၁လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း ၁၁မျိုး ၁ပုံး၊ ၁၆မျိုး ၁ပုံး ၅၅၈၆၃ိ၊ အိမ်ဆောက်ပစ္စည်းဖိုး ၁၅၀၀၀ဝိ၊ လူဦးရေ ၆ဦးအတွက် ဆန်ရိက္ခာ ၇ရက်စာ ၁၂၆၀ဝိအား လေဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_Oct2018 Source – … Read more
-
ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးကြိုးဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၁၀.၂၀၁၈) ရက်နေ့ (၁၂း၁၅) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ ဆပ်ကွင်းကျေးရွာအုပ်စု၊ ဒေါင့်ကြီးရိုးကျေးရွာ၌ (၄.၁၀.၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦး အတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-)ကျပ်အား လည်းကောင်း၊ ကျောင်းကုန်းမြို့နယ်၊ ကျားကိုက်ချောင်းအုပ်စု၊ ကျွန်းကြားကျေးရွာ၌ (၃.၁၀.၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦး အတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-) … Read more
-
မီးဘေးအန္တရာယ် အသိပညာပေး မြေစိုက်ဗီနိုင်းပိုစတာ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ယခုအချိန်၌ ပွင့်လင်းရာသီ သို့ရောက် ရှိလာပြီဖြစ်၍ ဖျာပုံမြို့နယ်အနေဖြင့် မီးဘေးအန္တရာယ်ကို စိုးရိမ်ကာ ပြည်သူများအား အသိပညာပေးရန် ဖျာပုံမြို့၊ ဒုတိယလမ်းနှင့် ဈေး လမ်းအနီး လမ်းဘေး၌ (၅-၁၀-၂၀၁၈) ရက်နေ့တွင် မီးဘေးအန္တရာယ် အသိပညာပေး မြေစိုက်ဗီနိုင်းပိုစတာ စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_fir #ayy_oct2018
-
မြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာနှင့် မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတို့၌ (၂၄-၉-၂၀၁၈) ရက်နေ့၊ ( ၁၀း၀၀) အချိန်တွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/- ) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂၃,၁၀၀/-) ကျပ်အားလည်းကောင်း၊ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုှသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ အောင်မြေရွှေဘုံကျေးရွာအုပ်စု၊ ကရင်စုလမ်း၌ (၅.၁၀.၂၀၁၈) ရက်နေ့၊ ည (၁၉း၄၅) အချိန်တွ င်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ကျား (၁) ဦး၊ မ (၂) ဦး၊ စုစုပေါင်း (၃) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူ များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) … Read more
-
ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်းသတင်း
ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ကို (၅-၁၀-၂၀၁၈) ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် မြန်မာဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု မိတ်ဖက်အဖွဲ့ MPP မှ ဘေးအန္တရာယ်ဆိုင်ရာ ရှေ့ဆက်ဆောင်ရွက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီသို့ တင်ပြဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာမှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးကို နံနက် ၉း၀၀ နာရိမှ နေ့လည် ၁၂း၃၀ အထိ ပြုလုပ်ခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ် … Read more
-
ကရင်ပြည်နယ်အတွင်း ပုဂ္ဂလိကစီးပွားရေးကဏ္ဍ သဘာဝဘေးဒဏ်ကြံကြံခံနိုင်ရေးဖိုရမ် ကျင်းပပြုလုပ်နေမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှုးရုံးနှင့် Asia Disaster Preparedness Center (ADPC)၊ Myanmar Prepardness Partnership (MPP) တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ပုဂ္ဂလိကစီးပွားရေးကဏ္ဍ သဘာဝဘေးဒဏ်ကြံကြံခံနိုင်ရေး ဖိုရမ် ကို (၄-၁၀-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင်လည်းကောင်း၊ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ်အားဖြည့်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၄-၁၀-၂၀၁၈)ရက်နေ့ နေ့လည်ပိုင်းတွင်လည်းကောင်း၊ ကရင်ပြည်နယ် ၊ ဘားအံမြို့၊ GABBANA Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ မနက်ပိုင်းဖိုရမ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ရုံးမှတာဝန်ရှိသူများ၊ ADPC နှင့် MPP တို့မှ တာဝန်ရှိသူများ၊ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး (၆၉)ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီ အစည်းအဝေးပိတ်ပွဲ အခမ်းအနားတက်ရောက်
(အောက်တိုဘာ ၅ ရက်၊ နေပြည်တော်) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ UEHRD ဒုတိယဥက္ကဌ ဒေါက်တာဝင်းမြတ်အေးသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အောက်တိုဘာ ၁ ရက်မှ ၅ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော (၆၉) ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီ အစည်းအဝေးပိတ်ပွဲအခမ်းအနားသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ရုံးမှ အဖွဲ့ရုံး ယာယီတာဝန်ခံဦးအောင်မျိုးမြင့်၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို နိုင်ငံပေါင်း(၁၄၁)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီးက အောက်တိုဘာလ (၁)ရက်နေ့တွင် မိန့်ခွန်းပြောကြားခဲ့ရာ … Read more









