လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာမြို့နယ် ၊ ရေဆိုင်ကျေးရွာအုပ်စု၊ ကန့်ကော်ကုန်းကျေးရွာ၌ (၇-၁၀-၂၀၁၈) ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန်မှ (၁၀း၀၀) နာရီအချိန်ထိ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား (၁၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက် လာသူများအား ဘေးရှစ်မျိုးပါ လက်ကမ်းစာစောင်များဖြန်ဝေခြင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ဗီနိုင်းပိုစတာ များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_oct2018