လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ယခုအချိန်၌ ပွင့်လင်းရာသီ သို့ရောက် ရှိလာပြီဖြစ်၍ ဖျာပုံမြို့နယ်အနေဖြင့် မီးဘေးအန္တရာယ်ကို စိုးရိမ်ကာ ပြည်သူများအား အသိပညာပေးရန် ဖျာပုံမြို့၊ ဒုတိယလမ်းနှင့် ဈေး လမ်းအနီး လမ်းဘေး၌ (၅-၁၀-၂၀၁၈) ရက်နေ့တွင် မီးဘေးအန္တရာယ် အသိပညာပေး မြေစိုက်ဗီနိုင်းပိုစတာ စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar_fir
#ayy_oct2018