
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှုးရုံးနှင့် Asia Disaster Preparedness Center (ADPC)၊ Myanmar Prepardness Partnership (MPP) တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ပုဂ္ဂလိကစီးပွားရေးကဏ္ဍ သဘာဝဘေးဒဏ်ကြံကြံခံနိုင်ရေး ဖိုရမ် ကို (၄-၁၀-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင်လည်းကောင်း၊ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ်အားဖြည့်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၄-၁၀-၂၀၁၈)ရက်နေ့ နေ့လည်ပိုင်းတွင်လည်းကောင်း၊ ကရင်ပြည်နယ် ၊ ဘားအံမြို့၊ GABBANA Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
မနက်ပိုင်းဖိုရမ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ရုံးမှတာဝန်ရှိသူများ၊ ADPC နှင့် MPP တို့မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ စုစုပေါင်း (၇၀)ဦး တက်ရောက်ခဲ့ကြပြီး နေ့လည်ပိုင်း အလုပ်ရုံဆွေးနွေးပွဲတွင် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီတွင် ပါဝင်သော သက်ဆိုင်ရာ ဌာနဆိုင်မှ ကိုယ်စားလှယ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ရုံးမှတာဝန်ရှိသူများ၊ ADPC နှင့် MPP တို့မှ တာဝန်ရှိသူများ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဖိုရမ်နှင့် အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်းမှာ ဘေးအန္တရာယ် ကျရောက်ပြီး နောက် စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရံှုးကို လျှော့ချရေး၊ ဘေးအန္တရာယ် ဒဏ်ကြံကြံခံနိုင်သော ရပ်ရွာပြည်သူလူထု ဖြစ်စေရေးနှင့် ဘေးအန္တရာယ် မဖြစ်ပွားမီ စီးပွားရေးထိခိုက်ဆုံးရံှုးမှုမှ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ရည်ရွယ်ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ဖိုရမ်နှင့် အလုပ်ရုံဆွေးနွေးပွဲကို နံနက် ၉နာရီမှ ညနေ ၄း၃၀ ထိကျင်းပခဲ့ပြီး တက်ရောက်လာကြသူများမှ တက်တက်ကြွကြွပါဝင် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#otr
#krn_Oct2018
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)