
ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ကို (၅-၁၀-၂၀၁၈) ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် မြန်မာဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု မိတ်ဖက်အဖွဲ့ MPP မှ ဘေးအန္တရာယ်ဆိုင်ရာ ရှေ့ဆက်ဆောင်ရွက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီသို့ တင်ပြဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာမှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးကို နံနက် ၉း၀၀ နာရိမှ နေ့လည် ၁၂း၃၀ အထိ ပြုလုပ်ခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူး၊ ဦးလင်းထွဋ်၊ ဘားအံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ၊ ခရိုင်အုပ်ချုပ်ရေး မှူး၊ Asia Disaster Preparedness Center (ADPC)၊ Myanmar Prepardness Partnership (MPP) တို့နှင့် ဌာနဆိုင်ရာမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#otr
#krn_Oct2018
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)