
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် (၆.၁၀.၂၀၁၈) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ အောင်သပြေ အခြေခံပညာမူလတန်းလွန် ကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် ကျောင်းသား/သူများကို သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအကြောင်း ဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး အကြောင်းသိကောင်းစရာများ ဟောပြောခြင်း၊ ကြက်ခြေနီသူနာပြုတပ်ခွဲမှ ရှေးဦးပြုစုခြင်းများဟောပြောခဲ့ပြီး ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို အားလုံးပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ အခမ်းအနားသို့ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/မများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း လူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၃၀၀) ခန့် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#ar_simex_eqk
#ayy_Oct2018
Source – ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)