လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ အောင်မြေရွှေဘုံကျေးရွာအုပ်စု၊ ကရင်စုလမ်း၌ (၅.၁၀.၂၀၁၈) ရက်နေ့၊ ည (၁၉း၄၅) အချိန်တွ င်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ကျား (၁) ဦး၊ မ (၂) ဦး၊ စုစုပေါင်း (၃) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူ များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပလပ်စတစ်ပုံး (၁) ပုံး၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၆,၃၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံငွေ (၂၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၆,၃၀၀/-) ကျပ်အား (၆-၁၀-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၃၀) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူများအား ထောက်ပံ့ပ ေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#krn_oct2018