ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးကြိုးဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း

6 Pic 01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၁၀.၂၀၁၈) ရက်နေ့ (၁၂း၁၅) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊      ဆပ်ကွင်းကျေးရွာအုပ်စု၊ ဒေါင့်ကြီးရိုးကျေးရွာ၌ (၄.၁၀.၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦး အတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-)ကျပ်အား လည်းကောင်း၊  ကျောင်းကုန်းမြို့နယ်၊ ကျားကိုက်ချောင်းအုပ်စု၊ ကျွန်းကြားကျေးရွာ၌ (၃.၁၀.၂၀၁၈) ရက်နေ့တွင်    ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦး အတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-) ကျပ် တို့အား သေဆုံးသူများ၏ မိသားစုလက်ဝယ်အရောက် အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_tls
#ayy_Oct2018
Source – ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events