Category Archives: News
-
သဘာဝဘေးလျော့ပါးရေးစေတနာ့လူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
================================================ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကြီးမှူး၍ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းအား သင်တန်းသား/သူ (၃၀)ဦးဖြင့် (၂၉-၉-၂၀၁၈) ရက်နေ့မှ (၁-၁၀-၂၀၁၈) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားအား (၁-၁၀-၂၀၁၈) ရက်နေ့ (၁၅း၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်၊ မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ငပုတောမြို့နယ် မဲဆန္ဒနယ်အမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးသိမ်း၊ ငပုတောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းတို့မှ သင်တန်းဆင်းအမှာစကား တက်ရောက်ပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များချီးမြှင့်ခြင်းနှင့် … Read more
-
တောင်ကြီးမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်နေမှုများအား ကွင်းဆင်းကြည့်ရှု့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်း ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၀-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်မှ (၁၅း၀၀) နာရီအချိန်ထိ တောင်ကြီးမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်ဖြစ်သည့် ချမ်းမြသာစည်ရပ်ကွက်တွင် ရေဝင် ရောက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု့ခဲ့ပါကြောင်း၊ အိမ်ခြေ (၂၂) လုံးသို့ရေဝင်ရောက်ခဲ့ပြီး အိမ်ခြေ (၂) လုံးမှာ ရွှေ့ပြောင်းပေးထားပါကြောင်း၊ နေအိမ်အများစုမှာ ခြေတံရှည်အိမ်များဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု/မရှိ ကြောင်း၊ အနိမ့်ဆုံး (၃) ပေခန့်မှ (၁၀) ပေကျော်ခန့်အထိ ရေနစ်မြုပ်နေပြီး ပစ္စည်းများထိခိုက်ဆုံးရှုံးမှုမရှိကြောင်း၊ ရေများ တဖြည်းဖြည်းကျဆင်းနေပါကြောင်း၊ လိုအပ်သည်များ … Read more
-
ညောင်တုန်းမြို့နယ်နှင့် ပန်းတနော်မြို့နယ်အတွင်းမှ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များ အတွက် ထောက်ပံ့မှုသတင်း
(၁) ညောင်တုန်းမြို့နယ်၊ မြမ္မာပြသာကျေးရွာအုပ်စု၊ ရွာသာကြီးကျေးရွာ၌ (၁၁-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည် နေအိမ်အလုံး (၂၀) အိမ်ထောင်စု (၂၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂၀) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၀၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၈၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈၄,၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၁၈၄,၈၀၀/-) အား (၀၉း၀၀) နာရီ ချိန်တွင်လည်းကောင်း၊ (၂) ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ အထက်ကဇင်းတောကျေးရွာ၌ (၅-၉ -၂၀၁၈) … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာမျှဝေခြင်း နှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက် မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အနောက် ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ အမှတ် (၁) အခြေခံပညာအလ ယ်တန်းကျောင်း (ကျောက်တံတား) ၌ (၁-၁၀-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် ငလျင်ဘေးအန္တရာ ယ်ဆိုင်ရာ အသိပညာမျှဝေခြင်းနှင့် ဇာတ်တို က်လေ့ကျင့်ခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၁၀၀) ဦး တက်ရောက် ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #simex #ygn_oct2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာမျှဝေခြင်း နှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက် မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေ သကြီး၊ အနော က်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ကျောက်တံတား) ၌ (၁-၁၀-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာမျှဝေခြင်း နှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ဆောင် ရွက်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #simex #ygn_oct2018
-
မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ လက်ပံဆိပ်ကျေးရွာအုပ်စု၊ ရွှေဟင်္သာကျွန်းကျေးရွာ၌ (၂၉-၉-၂၀၁၈) ရက်နေ့တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန်ပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀/-) ကျပ်တို့အား (၁-၁၀-၂၀၁၈) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး စာရေး လက်ဝယ်သို့ … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၀-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၂း၃၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ တောင်ပို့တစ်ရာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၇) ရွာမှ ပြည်သူ (၁၂၀) ဦးအား သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာ ပေးလက်ကမ်းစာစောင်များဝေငှပေးခြင်း၊ ကျေးရွာရှိ လူစည်ကားရာနေရာများ၌ အများပြည်သူကြည့်ရှု့နိုင်ရန် သဘာဝေဘေးအသိပညာပေး ဗီနိုင်းပိုစတာများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_Oct2018
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုှသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာ အုပ်စု၊ တောင်ရင်း ကျေးရွာ၊ တောင်ရင်းကွက်သစ်၊ ဖြတ်လမ်း (၁) ၌ (၃၀-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၅) မျိုးပါ (၁) ပုံးအားလည်းကောင်း၊ ဘေးသင့်ပြည်သူ (၅) ဦးအတွက် (၁) ဦးလျှင် (၁) ရက် (၂) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းများ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အလယ်တန်း ကျောင်း၌ (၁-၁၀-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် ကျောင်းတွင်းအခြေပြု သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်မီးသ တ်ဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်း (၂၅၀) ဦး တက်ရောက် ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲ၌ ကျောင်းသား/သူများကို သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ … Read more
-
ပြည်ထောင်စုဝန်ကြီး (၆၉) ကြိမ်မြောက် Executive Committee of the High Commissioner’s Programme (Ex-COM) သို့ တက်ရောက်မိန့်ခွန်းပြောကြားမှုသတင်း
၁။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် (၁-၁၀-၂၀၁၈) ရက်မှ (၅-၁၀-၂၀၁၈) ရက်အထိ ကျင်းပနေ သည့် (၆၉) ကြိမ်မြောက် Executive Committee of the High Commissioner’s Programme (Ex-COM) သို့တက်ရောက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ UEHRD ဒုတိယဥက္ကဌဒေါက်တာဝင်းမြတ်အေးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၁-၁-၂၀၁၈) ရက်နေ့၊ ဒေသစံတော်ချိန်၊ (၁၀း၀၀) နာရီတွင် ကုလ သမဂ္ဂအဆောက်အအုံ၊ Assembly Hall ၌ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားသို့ … Read more









