Category Archives: News
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကမ္ဘာလုံးဆိုင်ရာတိုင်းပြည်ဝင်ငွေ(GDP)နှင့်ဆက်စပ်၍ ဘေးအန္တရာယ်များကြောင့် စီးပွားရေးတိုက်ရိုက် ထိခိုက်ဆုံးရှုံးမှုလျော့ချရန် ရည်ရွယ်၍ ပြည်သူ့ဘဝတိုးတက်ပြောင်းလဲဖို့ ဘေးဒဏ်ကြောင့် စီးပွားဆုံးရှုံးမှုလျော့ချစို့ ဆောင်ပုဒ်နှင့်အညီ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားကို အောက်တိုဘာ လ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော အဓိကဘေးအန္တရာယ် (၂)ခု ဖြစ်သည့် ၂၀၀၈ခုနှစ် … Read more
-
ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၃-၁၀-၂၀၁၈)ရက်နေ့ နံနက် (၀၉၀၀)နာရီတွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနား (International Day For Disaster Reduction-2018) “Reducing Economic Losses From Disasters Has The Power To Transform Lives” “ပြည်သူ့ဘဝတိုးတက်ပြောင်းလဲဖို့၊ ဘေးဒဏ်ကြောင့် စီးပွားဆုံးရှုံးမှုလျော့ချစို့” ဆောင်ပုဒ်နှင့်အညီ ဟားခါးမြို့၊ ဗိုလ်တိုက်ချွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ၊ အခမ်းအနားသို့ချင်းပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော UN/NGO … Read more
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားအား ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ (၁၃-၁၀-၂၀၁၈)ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးသန်းစိုး(ညွှန်ကြားရေးမှူး)မှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအားဖတ်ကြားခဲ့ကြောင်း၊ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာသူများအား ၂၀၁၈ခုနှစ် အပြည်ပြည် ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် မှတ်တမ်းဗွီဒီယိုပြသခြင်းနှင့် ဓာတ်ပုံမှတ်တမ်းများကို လှည့်လည်ကြည့်ရှုခြင်းများအား အခမ်းအနားအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပြီး (၁၀၃၀)နာရီအချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း၊ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ … Read more
-
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးအသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့၊ ရေလဲလမ်းမကြီးတွင် မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအား (၁၃-၁၀-၂၀၁၈) ရက်နေ့ (၁၀၃၀) နာရိချိန်တွင်စိုက်ထူခဲ့ကြကြောင်းသတင်းရရှိပါသည်။
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားအား (၁၃-၁၀-၂၀၁၈) ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးမှအဖွင့်အမှာစကားပြောကြာခဲ့ပြီး၊ ကရင်ပြည်နယ်ဦးစီးမှူးမှ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏သဝဏ်လွှာအားဖတ်ကြားခဲ့ကြောင်း၊ ထို့နောက် မှတ်တမ်းဗွီဒီယိုပြသခြင်း၊ မှတ်တမ်းဓာတ်ပုံများလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း၊ အဆိုပါအခမ်းအနားသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူအင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပမှုသတင်း.
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၃-၁၀-၂၀၁၈)ရက်နေ့ နံနက် (၀၉၀၀)နာရီတွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနား (Internatiomal Day For Disaster Reduction-2018) “Reducing Economic Losses From Disasters Has The Power To Transform Lives” “ပြည်သူ့ဘဝတိုးတက်ပြောင်းလဲဖို့၊ ဘေးဒဏ်ကြောင့် စီးပွားဆုံးရှုံးမှုလျော့ချစို့” ဆောင်ပုဒ်နှင့် အညီ စစ်တွေမြို့နယ်၊ ဦးဥတ္တမခန်းမ၌ ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် … Read more
-
ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပမှုသတင်း.
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားအား (၁၃-၁၀-၂၀၁၈) ရက်နေ့ (၀၉း၃၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကုလသမဂ္ဂအဖွဲ့များကိုယ်စား UNDP အဖွဲ့အစည်းမှ ကချင်ပြည်နယ်တာဝန်ခံ ဦးထွန်းထွန်းက ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း၊ ၎င်းနောက် အပြည်ပြည်ဆိုင်ရာသဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ်ဗီဒီယို ပြသခြင်း၊ ဓာတ်ပုံပြခန်းများ လှည့်လည်ကြည့်ရှုခြင်း၊ ပဟေဠိဉာဏ်စမ်းပြိုင်ပွဲများ ဖြေဆိုခြင်း၊ အမှတ်တရပစ္စည်းများ ဝေငှခြင်း … Read more
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၀-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ရေလယ်သောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသောအိမ်ခြေ(၃) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၅၀,၀၀၀) လေဘေးသင့်လူဦးရေ(၁၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေကျပ် (၃၁,၅၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၃-အိမ်ထောင်စာ) တန်ဖိုးငွေကျပ် (၅၄,၄၅၀) စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး (၂၃၅,၉၅၀) အား (၁၂-၁၀-၂၀၁၈) ရက်နေ့တွင် စစ်ကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၁၀-၂၀၁၈)ရက်နေ့ ညနေ (၁၈၀၀)အချိန်တွင် ကျောက်တော်မြို့နယ်၊ ခွဆုံပြင်ကျေးရွာအုပ်စု၊ သံပြင်ကျေးရွာမှ အသက်(50)နှစ်၊ရခိုင်/ဗုဒ္ဓ လယ်လုပ်သူသည် လယ်ကွင်းထဲတွင် မြက်ရိတ်နေစဉ် မိုးကြိုးထိမှန်၍ သေဆုံးသွားခဲ့ရာ ထိုသေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀)အား (၁၂-၁၀-၂၀၁၈)ရက်နေ့တွင် သေဆုံးသူ၏ မိသားစုဝင်ထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန် ရှိသူများသည် (၁၈-၉-၂၀၁၈)ရက်နေ့ ညနေ (၁၇၀၀)အချိန်တွင် မြောက်ဦးမြို့နယ်၊ ကုန်ဘောင်ရှမ်းတောင်ကျေးရွာအုပ်စု၊ ကုန်ဘောင်ကျေးရွာတွင် အသက် (၁၅)နှစ်အရွယ်လူငယ် (၁)ဦးသည် နွားစာမြက်ရိတ် နေစဉ်မိုးကြိုးထိမှန်သေဆုံးသွားခဲ့သဖြင့် ၎င်းအတွက် ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀)အား (၁၂-၁၀-၂၀၁၈)ရက်နေ့တွင် သေဆုံးသူ၏မိသားစုထံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။









