ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပမှုသတင်း.

13 Pic 02 13 Pic 0113 Pic 04 13 Pic 05 13 Pic 06 13 Pic 07 13 Pic 08 13 Pic 09 13 Pic 10

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၃-၁၀-၂၀၁၈)ရက်နေ့ နံနက် (၀၉၀၀)နာရီတွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနား (Internatiomal Day For Disaster Reduction-2018) “Reducing Economic Losses From Disasters Has The Power To Transform Lives” “ပြည်သူ့ဘဝတိုးတက်ပြောင်းလဲဖို့၊ ဘေးဒဏ်ကြောင့် စီးပွားဆုံးရှုံးမှုလျော့ချစို့” ဆောင်ပုဒ်နှင့် အညီ စစ်တွေမြို့နယ်၊ ဦးဥတ္တမခန်းမ၌ ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော UN/NGO များမှ ကိုယ်စားလှယ်များ၊ ဆုရကျောင်းသား/သူများနှင့် ပြည်သူလူထုများ စုစုပေါင်း(၄၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း၊ ထိုအခမ်းအနားတွင် အဖွင့်အမှာစကားအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ ပြောကြားခဲ့ပြီး၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ အထူးကိုယ်စားလှယ်၏ သဝဏ်လွှာအား ရခိုင်ပြည်နယ်ဦစီးမှူး၊ ဦးကျော်မင်းမှ ဖတ်ကြားခဲ့ကြောင်း၊ စာစီစာကုံးနှင့် ပန်းချီများမှ ဆုရကျောင်းသား/သူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ Vedio မှတ်တမ်းများပြသခြင်း၊ မှတ်တမ်းဓါတ်ပုံများ ခင်းကျင်းပြသထားပုံအား လှည့်လည်ပြသခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events