လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၀-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ရေလယ်သောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသောအိမ်ခြေ(၃) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၅၀,၀၀၀) လေဘေးသင့်လူဦးရေ(၁၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေကျပ် (၃၁,၅၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၃-အိမ်ထောင်စာ) တန်ဖိုးငွေကျပ် (၅၄,၄၅၀) စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး (၂၃၅,၉၅၀) အား (၁၂-၁၀-၂၀၁၈) ရက်နေ့တွင် စစ်ကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။