ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားပြုလုပ်မှုသတင်း

14 Pic 01 14 Pic 02 14 Pic 03 14 Pic 05

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၃-၁၀-၂၀၁၈)ရက်နေ့ နံနက် (၀၉၀၀)နာရီတွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနား (International Day For Disaster Reduction-2018) “Reducing Economic Losses From Disasters Has The Power To Transform Lives” “ပြည်သူ့ဘဝတိုးတက်ပြောင်းလဲဖို့၊ ဘေးဒဏ်ကြောင့် စီးပွားဆုံးရှုံးမှုလျော့ချစို့” ဆောင်ပုဒ်နှင့်အညီ ဟားခါးမြို့၊ ဗိုလ်တိုက်ချွန်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ၊ အခမ်းအနားသို့ချင်းပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော UN/NGO များမှ ကိုယ်စားလှယ်များ၊ ကျောင်းသား/သူများနှင့် ပြည်သူလူထုများ စုစုပေါင်း(၄၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း၊ အဆိုပါအခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ချင်းပြည်နယ်ဦးစီးမှူးက ဖတ်ကြားခဲ့ကြောင်း၊ ထို့နောက်Video မှတ်တမ်းများပြသခြင်း၊ မှတ်တမ်းဓါတ်ပုံများ ခင်းကျင်းပြသထားပုံအား လှည့်လည်ပြသခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events