လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားအား (၁၃-၁၀-၂၀၁၈) ရက်နေ့ (၀၉း၃၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကုလသမဂ္ဂအဖွဲ့များကိုယ်စား UNDP အဖွဲ့အစည်းမှ ကချင်ပြည်နယ်တာဝန်ခံ ဦးထွန်းထွန်းက ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း၊ ၎င်းနောက် အပြည်ပြည်ဆိုင်ရာသဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ်ဗီဒီယို ပြသခြင်း၊ ဓာတ်ပုံပြခန်းများ လှည့်လည်ကြည့်ရှုခြင်း၊ ပဟေဠိဉာဏ်စမ်းပြိုင်ပွဲများ ဖြေဆိုခြင်း၊ အမှတ်တရပစ္စည်းများ ဝေငှခြင်း အစီအစဉ်များဆောင်ရွက်ခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ အဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ဒုဥက္ကဌ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်းကျောင်း သင်တန်းသား/သူများ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မသန်စွမ်းသူများအသင်းဝင်များ၊ UN, INGO, NGO နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ စုစုပေါင်းအင်အား (၄၅၀)ခန့် တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို (၁၀၃၀)နာရီအချိန်တွင် အောင်မြင်စွာပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။