လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကမ္ဘာလုံးဆိုင်ရာတိုင်းပြည်ဝင်ငွေ(GDP)နှင့်ဆက်စပ်၍ ဘေးအန္တရာယ်များကြောင့် စီးပွားရေးတိုက်ရိုက် ထိခိုက်ဆုံးရှုံးမှုလျော့ချရန် ရည်ရွယ်၍ ပြည်သူ့ဘဝတိုးတက်ပြောင်းလဲဖို့ ဘေးဒဏ်ကြောင့် စီးပွားဆုံးရှုံးမှုလျော့ချစို့ ဆောင်ပုဒ်နှင့်အညီ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားကို အောက်တိုဘာ လ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော အဓိကဘေးအန္တရာယ် (၂)ခု ဖြစ်သည့် ၂၀၀၈ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနှင့် ၂၀၁၅ခုနှစ် ရေကြီးရေလျံမြေပြိုမှုကြောင့် ဖွံ့ဖြိုးမှုကဏ္ဍများ ပျက်စီးခဲ့၍ တိုင်းပြည်ဝင်ငွေ(GDP)ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပြီး နာဂစ်ဆိုင်ကလုန်းတွင် အမေရိကန်ဒေါ်လာ (၄.၁)ဘီလီယံနှင့် ရေကြီးရေလျံမြေပြိုမှုတွင် အမေရိကန်ဒေါ်လာ (၁.၅) ဘီလီယံ ဆုံးရှုံးခဲ့ကြောင်း၊ ဘေးအန္တရာယ်များသည် ချက်ချင်းပျက်စီးမှုများကို ဖြစ်ပေါ်စေသည့်အပြင် ကြီးမားသည့် နောက်ဆက်တွဲ သက်ရောက်မှု အနေဖြင့် ဆင်းရဲသားကျေးလက်အိမ်ထောင်စုများ၊ လယ်သမားများ၊ အသေးစားစီးပွားရေးလုပ်ငန်းများ၊ ထိခိုက်လွယ်သောအုပ်စုများ အများအပြားပေါ်တွင် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ခံစားရနိုင်ပါကြောင်း၊ ဘေးအန္တရာယ်တစ်ခုသည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များကို ပျက်စီးဆုံးရှုံး သွားစေနိုင်သကဲ့သို့ လူတစ်ဦးချင်းသော်လည်းကောင်း၊ လူမှုအသိုင်းအဝန်းများသော်လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံမှသော်လည်းကောင်း ရွေးချယ်ဖော်ဆောင်သော ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ချက်များကြောင့်လည်း ဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေများကို ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေး လုပ်ငန်းစီမံချက်(၂၀၁၇)ကို (၂၀၃၀)ပြည့်နှစ်အထိ ရေရှည်မျော်မှန်းချက်ဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်ပါဝင်ရေးဆွဲထားပြီး ထိုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အစိုးရဌာနများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် ရပ်ရွာပြည်သူများအကြား အားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှု၊ ပေါင်းစပ်ညှိနှိုင်းမှု၊ စနစ်တကျရေရှည်ဆောင်ရွက်မှုဖြင့်သာ ဆောင်ရွက်နိုင်မှာ ဖြစ်သည့်အတွက်အားလုံးလက်တွဲ ပူးပေါင်းဆောင်ရွက် ပေးကြပါရန်တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ကုလမဂ္ဂမှပေးပို့သောသဝဏ်လွှာကိုဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဖတ်ကြားခဲ့ကြောင်း၊ ထို့နောက်၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသောကျောင်သူ/သားများအား ကယားပြည်နယ်တရားသူကြီးချုပ် ဦးကျော်လင်းမောင်မှလည်းကောင်း၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဒေါက်တာအောင်ကျော်ဌေးမှ လည်းကောင်း၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌမှလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှလည်းကောင်းဆုများအသီးသီးပေးအပ်ချီးမြှင့်အပြီးတွင် ဘေးအန္တရာယ်ဆိုင်ရာဗီဒီယို ပြသခဲ့ပြီးနောက် တက်ရာက်လာသူများက ပြသထားသည့်နံရံကပ်ဓါတ်ပုံများကိုကြည့်ရှု ခဲ့ကြကြောင်းသတင်းရရှိပါသည်။