ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပမှုသတင်း

13 Pic 01 13 Pic 02 13 Pic 03 13 Pic 04 13 Pic 05

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားအား (၁၃-၁၀-၂၀၁၈) ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးမှအဖွင့်အမှာစကားပြောကြာခဲ့ပြီး၊ ကရင်ပြည်နယ်ဦးစီးမှူးမှ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏သဝဏ်လွှာအားဖတ်ကြားခဲ့ကြောင်း၊ ထို့နောက် မှတ်တမ်းဗွီဒီယိုပြသခြင်း၊ မှတ်တမ်းဓာတ်ပုံများလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း၊ အဆိုပါအခမ်းအနားသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူအင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events