ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားပြုလုပ်မှုသတင်း

14 Pic 02 14 Pic 03 14 Pic 01 14 Pic 05 14 Pic 06 14 Pic 07 14 Pic 08

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားအား ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ (၁၃-၁၀-၂၀၁၈)ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးသန်းစိုး(ညွှန်ကြားရေးမှူး)မှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအားဖတ်ကြားခဲ့ကြောင်း၊ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာသူများအား ၂၀၁၈ခုနှစ် အပြည်ပြည် ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် မှတ်တမ်းဗွီဒီယိုပြသခြင်းနှင့် ဓာတ်ပုံမှတ်တမ်းများကို လှည့်လည်ကြည့်ရှုခြင်းများအား အခမ်းအနားအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပြီး (၁၀၃၀)နာရီအချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း၊ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ NGO/INGO အဖွဲ့အစည်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ စုစုပေါင်း (၄၃၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events