Category Archives: News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ခြင်း
================================================ အောက်တိုဘာ၊ ၁၄ရက်၊ နေပြည်တော် ================================================ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဦးစီးဌာနများ၏ လုပ်ငန်းတာဝန်များအလိုက် မူဝါဒများအသီးသီးချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ် ဆိုင်ရာကိစ္စများကိုစီမံခန့်ခွဲရာတွင် ဘေးဒဏ်များကိုကြံ့ကြံ့ခံနိုင်သော လူ့အသိုင်းအဝိုင်း ဖြစ်ပေါ် နိုင်စေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ဘေးအန္တရာယ်ကျရောက်ပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ပေးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင်လည်း လူ့ဂုဏ်သိက္ခာနှင့်ပြည်စုံသည့် … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲ မှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အောက်တိုဘာလ (၁၃) ရက်နေ့တွင် မုံရွာမြို့၊ မြို့တော်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားကျင်းပခဲ့ရာ အခမ်းအနား သို့ လူမှုရေးဝန်ကြီး လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်း (၂၇၀) ဦးခန့်တတ်ရောက် ခဲ့ပါကြောင်း၊ အဆိုပါအခမ်းအနား၌ လူမှုရေးဝန်ကြီး က အဖွင့်အမှာစကားပြောကြားခြင်းနှင့် ဒေါ်နီနီခိုင် (Unicef Myanmar) က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားတင်ပြခဲ့ပြီး အခမ်းအနားသို့ တတ်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် … Read more
-
မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် အသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များပေး အပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ အလယ်မန် ကျေးရွာအုပ်စု၊ အလယ်မန်ကျေးရွာ၌ (၉-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန် သေဆုံးသူအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၁၂-၁၀-၂၀၁၈) ရက်နေ့တွင် သေဆုံးသူ မိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး နှစ်စဉ်မိုးကြိုးထိမှန်သေဆုံးမှုဖြစ်ပေါ်မှုပိုမိုများပြားလှသည့်အတွက် အလယ်မန်ကျေးရွာအုပ်ချုပ်ရေးမှူးအား လက်တလောတွင် အိမ်ခြေ (၂၀၀) အတွက် မိုးကြိုးဘေး အသိပညာပေး လက်ကမ်းစာစောင် (၂၀၀) နှင့် အုပ်ချုပ်ရေးမှူးရုံးနှင့် လူအများအလွယ်တကူဖတ်ရှုနိုင်သောနေရာများအတွက် မိုးကြိုးဘေး ပိုစတာ … Read more
-
မြေပြိုမှုကြောင့် ဆုံးရှုံးနစ်နာသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
(၁၄-၁၀-၂၀၁၈) ရက်နေ့တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်မှ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာအတွင်း မြေပြိုမှုကြောင့် ဆုံးရှုံးနစ်နာသည့် အိမ်ထောင်စုများအား မြေကွက်၊ အိမ်နှင့် ထောက်ပံ့ငွေပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_lsd #tny_Oct2018
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာအတွင်း (၁၂-၁၀-၂၀၁၈)ရက်နေ့က ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၁) လုံးနှင့် လူဦးရေ (၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် (၁၀၀,၀၀၀) နှင့် (၇)ရက်စာဆန်ဖိုးငွေကျပ် (၁၀,၅၀၀) စုစုပေါင်းတန်ဖိုးငွေ (၁၁၀,၅၀၀) အား (၄-၁၀-၂၀၁၈)ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားအား ရှမ်းပြည်နယ်၊ တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ (၁၃-၁၀-၂၀၁၈) ရက်နေ့ (၀၉၃၀)နာရီအချိန်မှ (၁၀၃၀) နာရီအချိန်အထိ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ unicef မှ ပြည်နယ်တာဝန်ခံက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏သဝဏ်လွှာကိုဖတ်ကြားခဲ့ကြောင်း၊ သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသူ/ကျောင်းသားများအား ဆုချီးမြှင့်ခြင်း၊ ခင်းကျင်းပြသထားသောအသိပညာပေးပြခန်းများအား လှည့်လည်ပြသခြင်းများဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ အင်အား (၃၀၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနားအား (၁၃-၁၀-၂၀၁၈)နေ့ နံနက် (၀၉၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ ထားဝယ်ဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့ရာ အစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး UNHCR. မှ ကိုယ်စားလှယ် ဒေါ်စုသဉ္ဇာစိုးမှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကိုဖတ်ကြားခဲ့ကြောင်း၊ သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်သရုပ်ပြ အစီအစဉ်များ တင်ဆက်ခြင်း၊ Video ပြသခြင်း၊ ဓာတ်ပုံပြခန်းများအား လှည့်လည်ပြသခဲ့ပြီး၊ အခမ်းအနားသို့အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များINGOs /NGOs မှဖိတ်ကြားထားသူများ စုစုပေါင်း (၂၀၀) ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်နှင့် အခမ်းအနားပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတပ်ခရိုင်၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် Lutheran World Federation (မင်းတပ်) တို့မှ ဦးဆောင်၍ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အဖြစ် (၁၃-၁၀-၂၀၁၈)ရက်နေ့ နံနက်(၀၉၀၀)နာရီမှ (၁၀၃၀) နာရီအထိ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှဝန်ထမ်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများမှ ဝန်ထမ်းများ ပူးပေါင်းပါဝင်၍ မင်းတပ်မြို့တွင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး (၁၀၃၀)နာရီမှ (၁၁၀၀)နာရီအထိ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားအား မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်စား၊ … Read more
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ တွင်ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များစုစုပေါင်း(၄၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း၊ အဆိုပါအခမ်းအနားဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဦးဖြိုးမင်းသိန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ Deputy Head of UNOCHA မှ Mr.Greg Puley … Read more
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနားအား (၁၃-၁၀-၂၀၁၈)ရက်နေ့တွင် မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ NGO/INGO များ.စေတနာ့ဝန်ထမ်းလူငယ်များ စုစုပေါင်းအင်အား (၂၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။









