မွန်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာအတွင်း (၁၂-၁၀-၂၀၁၈)ရက်နေ့က ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၁) လုံးနှင့် လူဦးရေ (၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် (၁၀၀,၀၀၀) နှင့် (၇)ရက်စာဆန်ဖိုးငွေကျပ် (၁၀,၅၀၀)  စုစုပေါင်းတန်ဖိုးငွေ (၁၁၀,၅၀၀) အား (၄-၁၀-၂၀၁၈)ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events