လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတပ်ခရိုင်၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် Lutheran World Federation (မင်းတပ်) တို့မှ ဦးဆောင်၍ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အဖြစ် (၁၃-၁၀-၂၀၁၈)ရက်နေ့ နံနက်(၀၉၀၀)နာရီမှ (၁၀၃၀) နာရီအထိ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှဝန်ထမ်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများမှ ဝန်ထမ်းများ ပူးပေါင်းပါဝင်၍ မင်းတပ်မြို့တွင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး (၁၀၃၀)နာရီမှ (၁၁၀၀)နာရီအထိ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားအား မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်စား၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးက အမှာစကာပြောကြားခဲ့ပြီး Lutheran World Federation (မင်းတပ်)၊ စီမံကိန်းမန်နေဂျာမှ ကုလသမ္ပဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ ဖတ်ကြားခဲ့ကြောင်း၊ အဆိုပါ အခမ်းအနားသို့ (၄၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် ဘေး(၈)မျိုးဖြစ်သည့် (မီး၊ ရေ၊ မြေပြို၊ လေ၊ ငလျင်၊ မိုးကြိုး၊ မိုးခေါင်ရေရှား၊ ဆူနာမီ)စသည့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။