လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားအား ရှမ်းပြည်နယ်၊ တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ (၁၃-၁၀-၂၀၁၈) ရက်နေ့ (၀၉၃၀)နာရီအချိန်မှ (၁၀၃၀) နာရီအချိန်အထိ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ unicef မှ ပြည်နယ်တာဝန်ခံက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏သဝဏ်လွှာကိုဖတ်ကြားခဲ့ကြောင်း၊ သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသူ/ကျောင်းသားများအား ဆုချီးမြှင့်ခြင်း၊ ခင်းကျင်းပြသထားသောအသိပညာပေးပြခန်းများအား လှည့်လည်ပြသခြင်းများဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ အင်အား (၃၀၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။