လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ တွင်ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များစုစုပေါင်း(၄၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း၊ အဆိုပါအခမ်းအနားဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဦးဖြိုးမင်းသိန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ Deputy Head of UNOCHA မှ Mr.Greg Puley ကကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ကြောင်း၊ ထို့နောက် ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများအဖွဲ့မှ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် သဘာဝဘေးလျော့ပါးရေးအဖွဲ့များမှ ခင်းကျင်းပြသထားသောဓါတ်ပုံပြခန်းများအားလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။